ကျောက်ကပ်ကို ထိခိုက်စေနိုင်မယ့် အစားအစာတွေက ဘာတွေဖြစ်မလဲ
ကျောက်ကပ် ကျန်းမာမှုက ခန္ဓာကိုယ် ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ကျောက်ကပ် ကျန်းမာဖို့ ဆိုရင် အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်သလို နေ့စဉ် စားသုံးမှုမှာ အချိုများတာ၊ အငန်ကဲတာတွေကို စားသုံးတာက ကျောက်ကပ်က ထိခိုက်စေနိုင်သလို အချို့သော အစားအစာတွေကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာလေးတွေကို ဆင်ခြင်နိုင်ဖို့ ကျောက်ကပ် ထိခိုက်စေနိုင်မယ့် အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။
ဆိုဒါ - ဆိုဒါက အမောပြေစေတယ် သောက်လို့ ကောင်းတယ်ဆိုပေမယ့် ဆိုဒါတွေက သကြားနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဆိုဒါသောက်တာက နည်းနည်းပဲ သောက်သောက် များများပဲ သောက်သောက် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆိုဒါသောက်တာက အရိုးပွတာ၊ ကျောက်ကပ်ရောဂါ၊ သွားနဲ့ ခံတွင်းကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဆိုဒါမှာ Artificial Sweeteners ပါဝင်နေတာကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ပြုပြင်ထားတဲ့ အသားတွေ - ပြုပြင်ထားတဲ့ အသားတွေက ဆိုဒီယမ် နဲ့ နိုက်ထရိတ်တွေ ပါဝင်နေတာကြောင့်လည်း ကင်ဆာ ဖြစ်စေနိုင်သလို ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ် ကျန်းမာစေဖို့ဆိုရင် ပြုပြင်ထားတဲ့ အသားတွေကို မစားပါနဲ့။
ဓညင်းသီး - ဓညင်းသီးက စားလိုက်တဲ့ အစားတွေမှာ ပါတဲ့ အာဟာရတွေကို မစုပ်ယူနိုင်အောင် ဟန့်တားပေးသလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်စေနိုင်သလို ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို မထိခိုက်စေချင်ဘူးဆိုရင် ဓညင်းသီးကို ရှောင်ပါ။
အမြန်စား အသင့်စား အစားအစာတွေ - အမြန်စား အစားအစာတွေက ဓာတုပစ္စည်းတွေ ပါဝင်မှု များသလို တာရှည်ခံပစ္စည်း တွေပါဝင်နေတာကြောင့်လည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမြန်စား အစားအစာတွေ အသင့်စား အစားအစာတွေကို ခဏခဏ စားတာကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
အေးခဲထားတဲ့ အစားအစာတွေ - အေးခဲထားတဲ့ အစားအစာတွေက တာရှည်ခံအောင် လုပ်ထားတာကြောင့် အမျိုးအစား (၂) ဆီးချိုကို ဖြစ်စေနိုင်သလို ကျောက်ကပ်ထိခိုက်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အေးခဲထားတဲ့ အစားအစာတွေကို မစားမိဖို့ လိုပါမယ်။
ဒီအစားအစာတွေ အပြင် ဆီကြော်စာတွေ၊ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါမယ်။
မွန်မွန်